[email protected]

LAB Myanmar ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းများ

စာဖတ်သူများအတွက် ငွေပေးချေမှုနှင့် Coin အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ

အကောင့်ဖွင့်ရန် အချက်အလက်များ

အသုံးပြုသူများသည် အကောင့်ဖွင့်ရန် အမည်၊ အီးမေးလ်၊ လျှို့ဝှက်ကုဒ်၊ ဖုန်းနံပါတ်နှင့် နေရပ်လိပ်စာအချက်အလက်များ မှန်ကန်စွာဖြည့်သွင်းရပါမည်။

ဒေတာအသုံးပြုမှု

LAB Myanmar သည် အသုံးပြုသူ၏ ကိုယ်ရေးအချက်အလက်များကို system အသုံးပြုမှုအတွက်သာ ရည်ရွယ်၍ တောင်းခံခြင်းဖြစ်ပြီး data analytics, fraud prevention နှင့် user experience မြှင့်တင်ရေးများတွင်သာ အသုံးပြုသွားမည်ဖြစ်သည်။

ကိုယ်ရေးအချက်အလက် ကာကွယ်မှု

အသုံးပြုသူ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို third party များနှင့် မမျှဝေပါ။ (တရားဝင်အာဏာပိုင်အဖွဲ့များမှတောင်းဆိုခြင်းများမှလွဲလျှင်)

အီးမေးလ်အတည်ပြုခြင်း

အီးမေးလ်အတည်ပြုခြင်းလုပ်ငန်းစဉ်ကို ပြီးမြောက်အောင် ဆောင်ရွက်ရမည်ဖြစ်ပြီး အတည်ပြုခြင်းမရှိပါက အသုံးပြုနိုင်မည်မဟုတ်ပါ။

အကောင့်အသုံးပြုမှု

တစ်ဦးတစ်ယောက်တည်းသာ အသုံးပြုနိုင်သော အကောင့်ဖြစ်ပြီး အခြားသူများနှင့် မျှဝေအသုံးပြုခြင်း မပြုရ။

အကောင့် login များ

အကောင့်တစ်ခုအား ဖုန်းနှစ်လုံး သို့မဟုတ် သုံးလုံးတွင် ထည့်သွင်းအသုံးပြုပါက ယခင်ဖုန်းထဲရှိ မိမိ download ဆွဲထားသော စာအုပ်များနှင့် group များအား system မှ အလိုအလျောက် ဖျက်မည်ဖြစ်ပြီး ပြန်လည်အသုံးပြုရန်အတွက် နောက်တစ်ကြိမ် Log in ဝင်ပေးရမည်ဖြစ်ပါသည်။

Offline ဖတ်ရှုခြင်း

စာအုပ်များကို အော့ဖ်လိုင်းဖတ်ရှုရန် Download ပြုလုပ်ထားရပါမည်။

အချက်အလက်မျှဝေမှု

စနစ်အတွင်း သိမ်းဆည်းထားသော အချက်အလက်များကို အင်တာနက်ပေါ်တွင် အများပြည်သူနှင့် မျှဝေခြင်းမပြုရ။

အကောင့်ခိုးယူခံရခြင်း

အကောင့်အား ခိုးယူအသုံးပြုခံရပါက ချက်ချင်းအကြောင်းကြားရမည်။

Coin (Boss Coin) အကြောင်း

LAB Myanmar System အတွင်းတွင်အသုံးပြုနိုငသော Virtual Currency ဖြစ်ပြီး LAB Myanmar Platform တွင်စာအုပ်,စာစဉ်နှင့် ကောမစ်များဝယ်ယူရာတွင်သာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ System ပြင်ပတွင် အသုံးပြုနိုင်မည်မဟုတ်ပါ။

** လဲလှယ်ပြီးသော Boss Coin များကိုငွေသားအဖြစ်ပြန်လည်လဲလှယ်ခြင်းပြုလုပ်ပေးမည်မဟုတ်ပါ။

Coin ဖြည့်သွင်းနိုင်သောနည်းလမ်းများ

အသုံးပြုသူများသည် Boss Coin များကို အောက်ပါနည်းလမ်းများဖြင့် ဖြည့်သွင်းနိုင်ပါသည်။

  1. System နှင့်ချိတ်ဆက်ထားသော Payment Gateway မှတစ်ဆင့် Coin ဝယ်ယူခြင်း
  2. Admin (သို့မဟုတ်) Author မှပေးထားသော Voucher Code များအားအသုံးပြုခြင်း
  3. Manual နည်းဖြင့် screenshot အား upload ပြုလုပ်၍ Coin ဝယ်ယူခြင်း

System မှ ခွင့်ပြုထားသော နည်းလမ်းများမှလွဲ၍ Coin ဖြည့်သွင်းခြင်းမပြုလုပ်နိုင်ပါ။

Payment Gateway အသုံးပြုမှု

Boss Coin လဲလှယ်ရာတင် LAB Myanmar နှင့် ချိတ်ဆက်ထားသော Payment Gateway များကိုအသုံးပြုနိုင်ပါသည်။

Payment ‌ပေးချေမှုကိုပြုလုပ်ရာတွင် -

  • Network Error
  • Bank Error
  • Mobile Wallet Error
  • Payment Gateway Error

တို့ကြောင့် Transaction မအောင်မြင်ပါက LAB Myanmar မှတိုက်ရိုက်တာဝန်ယူမည်မဟုတ်ပါ။ အသုံးပြုသူမှ Payment Service Provider နှင့် ဆက်သွယ်စုံစမ်းရမည်ဖြစ်ပါသည်။

Transaction စစ်ဆေးခြင်း

Payment ပြုလုပ်ပြီး Coin မရောက်ရှိပါက အသုံးပြုသူသည် အောက်ပါအချက်အလက်များနှင့်အတူ Support Team သို့ဆက်သွယ်ရမည်ဖြစ်ပါသည်။

  • Transaction ID
  • Payment Screenshot
  • Account Email

LAB Myanmar Support Team မှစစ်ဆေးပြီး Payment ‌အောင်မြင်ကြောင်း အတည်ပြုပါက Coin များကို မှန်ကန်စွာပြန်လည်ဖြည့်သွင်းပေးသွားမည်ဖြစ်ပါသည်။

Duplicate Payment

Payment နှစ်ကြိမ်ပြုလုပ်မိခြင်း (သို့မဟုတ်) Duplicate Transaction ဖြစ်ပေါ်ပါက LAB Myanmar မှစစ်ဆေးပြီး Amount နှင့်ကိုက်ညီသော Coin ကိုသာဖြည့်သွင်းပေးမည်ဖြစ်ပြီး ငွေသားပြန်လည်ပေးအပ်ခြင်း ပြုလုပ်ပေးမည်မဟုတ်ပါ။

Voucher Code အသုံးပြုမှု

Admin သို့မဟုတ် Author များမှထုတ်ပေးထားသော Voucher Code များကို Boss Coin အဖြစ်လဲလှယ်အသုံးပြုနိုင်ပါသည်။

Voucher Code များသည် -

  • တစ်ကြိမ်သာအသုံးပြုနိုင်သည်။
  • သတ်မှတ်ထားသော Coin Amount အတိုင်းလဲလှယ်သွားမည်ဖြစ်သည်။
  • Expire Date ရှိနိုင်သည်။
  • Voucher Code များကို အခြားသူများနှင့် မမျှဝေရန်မှာ အသုံးပြုသူ၏တာဝန်ဖြစ်ပါသည်။

Coin Transfer

အသုံးပြုသူအချင်းချင်း Coin များ လွှဲပြောင်းပေးခြင်း မပြုလုပ်နိုင်ပါ။

လဲလှယ်ထားသော Coin များကို System အတွင်းရှိစာအုပ်များ ဝယ်ယူရာတွင်သာအသုံးပြုနိုင်မည်ဖြစ်ပါသည်။

Refund Policy

ဝယ်ယူထားပြီးသောစာအုပ်များအတွက် ငွေပြန်အမ်းပေးမည်မဟုတ်ပါ။

လိမ်လည်မှု နှင့် မသမာမှု

အောက်ဖော်ပြပါလုပ်ရပ်များကို မသမာမှုအဖြစ်သတ်မှတ်ပါသည်။

  • System bug / Error များကိုအလွဲသုံးစားပြုလုပ်ခြင်း
  • Voucher Code များကို မမှန်ကန်စွာအသုံးပြုခြင်း
  • Payment System ကို မသမာသောနည်းလမ်းများဖြင့်အသုံးပြုခြင်း

ထို့သို့သော မသမာမှုများ‌တွေ့ရှိပါက -

  • Account ပိတ်သိမ်းခြင်း
  • Coin များအား ဖျက်သိမ်းခြင်း
  • System အသုံးပြုခွင့်ပိတ်ခြင်း

တို့ကို ဆောင်ရွက်နိုင်ပါသည်။

Price နှင့် Coin Rate ‌ပြောင်းလဲခြင်း

LAB Myanmar သည် Coin Conversion Rate များနှင့် စာအုပ်ဈေးနှုန်းများကို ကြိုတင်အသိပေးပြီး ပြောင်းလဲနိုင်ပါသည်။

နှစ်ဖက်သဘောတူမှု

LAB Myanmar သည် စာရေးသူနှင့် စာဖတ်သူတို့ကြား တိုက်ရိုက်ဝယ်ယူ၍ နှစ်ဦးနှစ်ဖက်အကျိုးအမြတ်ရှိစေရန်ရည်ရွယ်သော platform တစ်ခုဖြစ်သည့်အတွက် ( System development နှင့်ပတ်သတ်သည့်ကိစ္စမှလွဲ၍ ) အခြားသောငွေကြေးဆိုင်ရာကိစ္စများ၊ စာအုပ်အကြောင်းအရာများနှင့်ပတ်သတ်သည်တို့ကို တာဝန်ယူမည်မဟုတ်ပါ။

မူပိုင်ခွင့်

LAB Myanmar ထဲတွင် ပါဝင်သော စာအုပ်များ၊ ပုံများ၊ ဗီဒီယိုများ၊ UI/UX ဒီဇိုင်းများ၊ စာရေးသူများနှင့် ပတ်သက်သည့်ပစ္စည်းများအား မူပိုင်ခွင့်ရှိသူမှ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ဖြန့်ချိခြင်း၊ ကူးယူခြင်း မပြုရ။

System Maintenance

System Maintenance ဆောင်ရွက်နေချိန်နှင့် အခြား System Downtime များပြန်လည်ပြင်ဆင်ချိန်တွင် စနစ်ကို ခေတ္တရပ်နားရန်လိုအပ်နိုင်ပါသည်။ ထိုသို့ဖြစ်ပါက အသုံးပြုသူများအား ကြိုတင်အသိပေးသွားမည်ဖြစ်ပါသည်။

Admin ၏ ဆုံးဖြတ်ချက်

ငွေပေးချေမှုနှင့် Coin အသုံးပြုခြင်းဆိုင်ရာ အငြင်းပွားမှု တစ်စုံတစ်ရာဖြစ်ပေါ်ပါက LAB Myanmar Admin ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။

သတိပြုရန်

စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ပါက အကောင့်ပိတ်သိမ်းခြင်းအပါအဝင် အရေးယူဆောင်ရွက်မှုများ ခံရနိုင်ပါသည်။

မေးမြန်းလိုပါက ဆက်သွယ်ရန်

စည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍ မေးမြန်းလိုပါက [email protected] သို့ ဆက်သွယ်နိုင်ပါသည်။