[email protected]

LAB Myanmar ၏ စာရေးသူများလိုက်နာရမည့် စည်းမျဉ်းများ

အကောင့်ဖွင့်ခြင်းနှင့် လျှောက်ထားမှု

စာရေးသူအဖြစ်လျှောက်ထားရန် System မှ ချမှတ်ထားသော စည်းကမ်းနှင့် သဘောတူညီမှုအချက်အလက်များအား လက်ခံ သဘောတူရမည်ဖြစ်ပြီး လိုအပ်ချက်အရ System မှ တောင်းယူသော အချက်အလက်များအား ပြည့်စုံစွာ ဖြည့်စွက်ပေးရမည်ဖြစ်ပါသည်။

အီးမေးလ်ဖြင့် အကြောင်းကြားခြင်း နှင့် အတည်ပြုခြင်း

စာရေးသူ၏ Email လိပ်စာသို့ Admin ဘက်မှ ပြန်လည် အကြောင်းကြားပေးမည်ဖြစ်ပါသည်။ ထို့နောက် စာရေးသူများသည် ပေးထားသည့် link မှ အကောင့်ဖွင့်ရန် အမည်၊ အီးမေးလ်၊ လျှို့ဝှက်ကုဒ်၊ ဖုန်းနံပါတ်နှင့် နေရပ်လိပ်စာအချက်အလက်များ မှန်ကန်စွာဖြည့်သွင်းရမည်။

ဒေတာအသုံးပြုမှု

LAB Myanmar သည် စာရေးသူ၏ ကိုယ်ရေးအချက်အလက်များကို system အသုံးပြုမှုအတွက်သာ ရည်ရွယ်၍ တောင်းခံခြင်းဖြစ်ပြီး data analytics, fraud prevention နှင့် user experience မြှင့်တင်ရေးများတွင်သာ အသုံးပြုသွားမည်ဖြစ်သည်။

ကိုယ်ရေးအချက်အလက် ကာကွယ်မှု

စာရေးသူ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို third party များနှင့် မမျှဝေပါ။ (တရားဝင်အာဏာပိုင်အဖွဲ့များမှတောင်းဆိုခြင်းများမှလွဲလျှင်)

မူပိုင်ခွင့်

စာရေးသူများသည် မိမိ၏မူရင်းဖန်တီးမှုများ , ကိုယ်တိုင်အားထုတ်ဘာသာပြန်သည့်ဝတ္ထု ( Novel ) များ ကိုသာ တင်ရမည်ဖြစ်ပြီး တစ်ပါးသူမှ တခြား Platform system တစ်ခုတွင် ရေးသားထားသည့် ဝတ္ထု ၊ ဘာသာပြန်ထားသည့် ဝတ္ထု ( Novel ) များအား ပြန်လည်တင်ခွင့်မပြုပါ။ မူပိုင်ခွင့်ချိုးဖောက်မှုများမရှိရပါ။

ဘာသာပြန်ဆိုမှုများ

စာဖတ်သူများ၏ စာဖတ်ခြင်း အနှစ်သာရအား ပျက်စီးစေသော Google Translate , Machine Translate , AI Translate များအား ဖြတ်ညှပ်ကပ် ပြုလုပ်၍ တင်ခွင့်မပြု ။ Users / Readers များမှ ၎င်းကိစ္စများနှင့် ပတ်သက်၍ Report တင်လာပါက Admin ဘက်မှ မှန် / မမှန် စီစစ်၍ ထိုစာရေးသူအား LAB Myanmar Platform မှ ရာသက်ပန် Blacklist စာရင်းသွင်းမည်ဖြစ်သည်။

စာစဥ် Update နှုန်း

စတင်ပြီးသော စာစဉ်များအား ပုံမှန် Update ပြုလုပ်ပေးရပါမည်။ တစ်ခုအပြီးမသတ်သေးဘဲ ဝတ္ထုအသစ် ( New Novel ) ထပ် ဖန်တီးလိုပါက Admin မှ ခွင့်ပြုချက် ရယူရန် လိုအပ်သည်။

စာချုပ်နှင့် သဘောတူညီမှု

စာရေးသူများအနေဖြင့် ဝယ်ယူသောစာအုပ်များအတွက် Author Panel တွင်သတ်မှတ်ထားသော % အတိုင်း လုပ်ဆောင်ပေးမည်ဖြစ်သည်။

Manual စာအုပ်အတည်ပြုခြင်း

စာရေးသူသည် စာအုပ်အတည်ပြုခြင်းကို ၂၄ နာရီအတွင်း ပြုလုပ်ရမည်။ အချိန်လွန်ပါက စာဖတ်သူများ၏ ယုံကြည်မှုကို ပျက်စီးစေနိုင်သည့်အတွက်ကြောင့်ဖြစ်သည်။

Admin သတ်မှတ်ချက်များ

Admin မှ ဖော်ပြထားသော အချိန်ဇယား၊ တင်သွင်းမှုပုံစံ နှင့် စာအုပ် / group များတင်ရန် စည်းကမ်းအား လိုက်နာမှုရှိရန်လိုအပ်သည်။

ငွေကြေးဆုံးရှုံးမှု

အကယ်၍ စာရေးသူ၏ စည်းမျဉ်းချိုးဖောက်မှုကြောင့် စာဖတ်သူများ၏ငွေကြေးဆုံးရှုံးမှုရှိပါက စာရေးသူမှ ငွေပြန်အမ်းရန်တာဝန်ရှိသည်။

အချက်အလက်များ မမျှဝေရ။

Author Panel အတွင်းရှိ Personal အချက်အလက်များ ၊ စာအုပ် PDF ဆိုင်ရာ အချက်အလက်များ , Coins, Orders , History စသည်ကို တစ်စုံတစ်ယောက်အား မျှဝေခြင်းများမပြုလုပ်ရ။

Admin ၏ တာဝန်

LAB Myanmar သည် စာရေးသူနှင့် စာဖတ်သူတို့ကြား တိုက်ရိုက်ဝယ်ယူ၍ နှစ်ဦးနှစ်ဖက်အကျိုးအမြတ်ရှိစေရန်ရည်ရွယ်သော platform တစ်ခုဖြစ်သည့်အတွက် ( System development နှင့်ပတ်သက်သည့်ကိစ္စမှလွဲ၍ ) အခြားသောငွေကြေးဆိုင်ရာကိစ္စများ၊ စာအုပ်အကြောင်းအရာများနှင့်ပတ်သက်သည်တို့ကို တာဝန်ယူမည်မဟုတ်ပါ။

အကောင့် ပိတ်သိမ်းခြင်း

စည်းမျဉ်းများကို မလိုက်နာပါက အကောင့်အား ယာယီ သို့မဟုတ် အပြီးအပိုင်ပိတ်သိမ်းနိုင်သည်။

စည်းမျဉ်း ပြင်ဆင်ခွင့်

Admin Team သည် စည်းမျဉ်းများကို အချိန်မရွေး ပြင်ဆင်နိုင်သည်။

Admin ဆုံးဖြတ်ချက်

ငွေကြေးနှင့် System ဆိုင်ရာ အငြင်းပွားမှုများအတွက် Admin ဆုံးဖြတ်ချက်သည် အတည်ပြုသည်။

မေးမြန်းလိုပါက ဆက်သွယ်ရန်

စည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍ မေးမြန်းလိုပါက [email protected] သို့ ဆက်သွယ်နိုင်ပါသည်။